ရှမ်းရွာသစ် စက်တင်ဘာ (၁၉)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချစေရန်နှင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့ဒုတိယနေ့အဖြစ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ ၊စေတနာ့ဝန်ထမ်းများက ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန်လာ ရောက်သည့် ဒေသနေပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်များ တိုင်းပေးခြင်း၊ ရောဂါအခံရှိမရှိမေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် (၁၅)မိနစ်ခန့် အနားယူစေခြင်းတို့ကို သတ်မှတ်ချက် နှင့်အညီဆောင်ရွက်ပေး ခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံနိုင်ရေးအတွက် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)ဖုန်း-၀၉၆၆၂၁၆၇၁၃၀