တိုက်ကြီး စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဉီးစားပေးအစီအစဉ်အရ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းနှင့် ဦးစားပေးအုပ်စု (၁၂) အုပ်စုတွင်ပါဝင်သူများမှ ပထမ အကြိမ် ကာကွယ် ဆေးထိုးနှံပြီး သူများကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စ၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဦးစားပေးအုပ်စုများအတိုင်း ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယမန်နေ့ တိုက်ကြီးမြို့မ(အထက)စုရပ်၌ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) လာရောက်ထိုးနှံသူ (၂၃၅)ဉီး၊ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) လာရောက်ထိုးနှံသူ (၃၇၀)ဦး၊ ဆက်လက်ပြီး ဒုတိယ အကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ဥက္ကံမြို့ ရွှေကံသာခန်းမ စုရပ်တွင် (၈၅)ဦး ၊ တော်လတီကျေးရွာ (အ.ထ.က) ကျောင်းစုရပ်တွင် (၁၄၅)ဦး နှင့် အဖျောက်မြို့ ငွေဥဒေါင်းခန်းမ စုရပ်တွင် ( ၂၃၀) ဦးလာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့အထိ ပထမကြိမ် ကာကွယ်ဆေးထိုး နှံသူ အသက် ၅၅ နှစ် နှင့်အထက် ပြည်သူ စုစုပေါင်း (၄၅၀) ဦးရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၅၉၆၃)ဦး ရှိပြီဖြစ်ကြောင်း နှင့် ဆေးထိုးရန် ကျန်ရှိသော မိဘပြည်သူများ ကိုလည်း သတ်မှတ်ထားသော စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်