မံစီမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ထပ်မံထိုးနှံ ဆောင်ရွက်ပေးလျက်ရှိ

မံစီ    စက်တင်ဘာ  ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့်ပြည်သူများအား ယမန်ရက် နံနက် ပိုင်းကစတင်၍ ထပ်မံထိုးနှံပေးလျက်ရှိနေ  ကြောင်းသိရသည်။

ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမဆောင်၌  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ထိုးနှံဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့ဝင်များကလည်း ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။

မံစီမြို့နယ်အတွင်း ထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ  Sinopharm (တရုတ်နိုင်ငံထုတ်)ကာကွယ်ဆေးဖြစ်ပြီး လူဦးရေ စုစုပေါင်းလဦးရေစုစုပေါင်း (၃၅၀၀)ဦးကို ထပ်မံထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။