မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် အလှူငွေများနှင့် ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

မိုင်းဖြတ်  စက်တင်ဘာ ၁၉

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များသို့ ထောက်ပံ့ငွေ များ ပေးအပ်ခြင်းနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများ၊ ကာကွယ်ရေးသုံးပစ္စည်းများပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်က   အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီက    ကိုဗစ်-၁၉ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေ သည့် မိုင်းဖြတ်လူမှုရေး ကူညီမှုအသင်းသို့  ကျပ်(၅)သိန်းကိုလည်းကောင်း၊  သင်္ဂဟလူမှုကူညီရေး အသင်းသို့ ကျပ်(၃)သိန်း ကိုလည်းကောင်း၊ မြို့နယ်သူနာပြု ကြက်ခြေနီတပ်ဖွဲ့သို့ ကျပ်(၂)သိန်းကို လည်းကောင်း အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက်   ဦးကြည်မြင့်နှင့် ဇနီးဒေါ်နန်းခမ်း (တော်ဝင်ခမ်း စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း) မိသား စုမှ လှူဒါန်းသည့် PPE(Level-1)အစုံ(၃၀၀)၊ လက်အိတ် (၂၅၀)စုံနှင့် မိုင်းဖြတ်မြို့နယ် ထုံးလုပ် ငန်းရှင် များအသင်းက  အလှူငွေ ကျပ်(၁၂)သိန်းကို ပေးအပ်လှူဒါန်းရာ ကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင် က လက်ခံရယူခဲ့ကြောင်း သိရသည်

  သန်းထွန်းအေး