ဇမ္ဗူသီရိမြို့နယ်၊ ရင်သွေးရတနာမူကြိုကျောင်းတွင် ကျန်းမာရေး အကာအကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဇမ္ဗူသီရိ စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် တုံ့ပြန်ရေး နှင့် ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသော လူမှုကူညီရေး ပရဟိတအဖွဲ့အစည်းများမှ Volunteer များအတွက် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ အား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက  ဇမ္ဗူသီရိမြို့နယ် ရင်သွေးရတနာ မူကြိုကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝေဝေမာလှိုင်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများက နေပြည်တော် အတွင်းရှိ လူမှုကူညီရေး ပရဟိတအဖွဲ့အစည်း (၄၇) ဖွဲ့မှ Volunteer များအတွက် Surgical Mask (၄၂၅၀၀) ခု၊ N95 Mask (၁၈၇၅) ခု၊ Hand Sanitizer (၇၇၅) ခု၊ PPE Level 3 ဝတ်စုံ (၉၂၅) ခု၊ Surgical Gown (၉၂၅) ခု၊ Goggle (၉၀၀) ခု၊  Boot (၁၈၀) စုံ၊ Surgical Cap (၁၈၅၀၀) ခုနှင့်  Exam Gloves (၁၂၅၀၀) စုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ လူမှုကူညီရေး ပရဟိတအဖွဲ့အစည်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။