ဆီဆိုင်မြို့နယ်၌အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ပေးအပ်

ဆီဆိုင် စက်တင်ဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှ လူမူရေးပင်စင်ကို တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ ပေးအပ်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇)ဦးတို့အား အိမ်တိုင်ရာရောက် လူမူရေးပင်စင် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ဖြီဟန်းခါးကျေးရွာ၊ ထီတမောင်းကျေးရွာ၊ ထီမန့်ကျေးရွာနှင့် ဝါးခရာကျေးရွာတို့ရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးအဘိုး(၆)ဦး၊ အဘွား(၁)ဦးတို့အား တစ်ဦးလျှင်ငွေကျပ်(၃)သောင်းစီဖြင့် စုစုပေါင်း ငွေကျပ်(၂၁၀၀၀၀)ကို ပင်စုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိသည်။ 

မျိုးမြတ်(ဆီဆိုင်)