တိုက်ကြီး စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စုတွင် ၂၀၂၁ ခုနှစ် မိုးစပါးတစ်ဧက တင်း ( ၁၀၀) ထွက်ရှိရေး တောင်သူအသိပညာပေးခြင်းနှင့် ဧက (၁၀၀)စံပြကွက် တောင်သူများအား ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဉီးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက မိုးစပါးတစ်ဧက တင်း (၁၀၀)ထွက်ရှိရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပေးခဲ့သည်။ ထို့နောက် ဧက (၁၀၀)စံပြကွက်တောင်သူများအား တာဝန်ရှိသူများက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဉီးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဆွေ၊ ဒုတိယတိုင်းဉီးစီးမှူး ဦးစိုးသိန်းနှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)