လောင်းလုံး မြို့နယ်တွင် အသက် (၅၅)နှစ်အထက် ဦးစားပေးအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ရော ဂါကာကွယ် ဆေးထိုးနှံပေးပြီးသူ(၂၀၉၄)ဦးရှိပြီးဖြစ်

လောင်းလုံး  စက်တာင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့မှ စက်တင်ဘာလ (၁၇)ရက်နေ့အထိ(ပထမအကြိမ်) ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၅၅)နှစ် နှင့်အထက်ဘိုးဘွားများ၊ Volunteerများ၊ ဘုန်းကြီး၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်းများ၊ စျေးရောင်းသူ၊ စျေးဝယ်သူများ စုစုပေါင်း(၂၀၉၄)ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များရေဖြူတပ်နယ်မှ ဗိုလ်မှူးခန့်ကျော်ထွန်းနှင့်ဆေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များတို့ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သိန်းသိန်း(ပြန်/ဆက်)