မိုင်းတုံမြို့၌ အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

မိုင်းတုံ  စက်တင်ဘာ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ   အသက်(၅၅) နှစ်အထက်  ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရ‌သေးသည့်ပြည်သူများကိုပထမအကြိမ် (Sinopharm) ထိုးနှံပေးနှံပေးခြင်း ယမန်နေ့ နံနက် ၇နာရီမှ ညနေ(၄)နာရီထိ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးရာတွင်  မြို့နယ်ကိုဗစ်ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများကို ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၅)နှစ်အထက်  ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူ(၂၀၀)ဦးအားထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးထိုး အဖွဲ့တွင် တာဝန်ပေးအပ်ခံရသူများက ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အလုံးရေ (၈၀)လုံးရရှိထားပြီး  ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့်(၄၀၀)ဦးတို့ထိုးနှံပေးရမှာဖြစ်ပြီးယမန်နေ့ညနေပိုင်းထိ လူဦးရေ(၂၀၀)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဝင်းဝင်းခိုင်