လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး

လယ်ဝေး စက်တင်ဘာ    ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါစနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍  ယမန်နေ့ မွန်းလွဲပိုင်းတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face Shield)ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာ နေထိုင်လုပ် ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ်အခန်းများ၊ အဲကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိအသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင် ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ပြည်သူများသိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)