ဟားခါး စက်တင်ဘာ ၁၈
ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၄ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၁၁ ဦး ပြန်လည် ကျန်းမာ လာသဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၉၀၅ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၇၅၉ ဦး၊ သေဆုံးသူ ၂၅ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၂၁ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)