မြင်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

 

မြင်းခြံ   စက်တင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ‌ပေးခြင်းကို ဩဂုတ် ၂၉ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှ ၁၁နာရီခွဲအထိ မြို့နယ်အတွင်းရှိ စုရပ် နယ်မြေများအလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ စက်တင်ဘာ ၁၇ရက်နေ့ (ယနေ့)တွင် မြင်းခြံမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန် စုရပ်နယ်‌မြေတွင် ပြည်သူ(၃၇၀)ဦးကို သတ်မှတ်ဦးစားပေးအုပ်စုများနှင့်အညီ ထိုးနှံ ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်နှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့မှ ကြီးမှူးပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊  ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ မြို့နယ်အတွင်းမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် သတ်မှတ်ဦးစားပေးအုပ်စုများကို  ဩဂုတ်လ ၂၉ရက်နေ့မှ စက်တင်ဘာလ ၁၇ရက်နေ့ (ယနေ့)အထိ စုစုပေါင်း(၅၈၂၅)ဦး ထိုးနှံ‌ပေးပြီးဖြစ် ကြောင်းနှင့် ကျန်ရှိနေသည့်  ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေးအုပ်စုများနှင့် အညီ  ဆက်လက်၍ နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)