မြင်းခြံခရိုင် တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ၅ ဦးထပ်မံတွေ့ရှိ

တောင်သာ စက်တင်ဘာ ၁၇

 

 

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်းရှိ ဘုရားကြီး အနောက်ရပ်ကွက်မှ မ(၁)ဦး၊  ဇဂျမ်းကျေးရွာမှ မ(၁)ဦး၊ သပွတ်ပင်တဲကျေးရွာမှ မ(၁)ဦး၊ ရေခါးကျေးရွာမှ မ(၁)ဦး၊အောင်သာကျေးရွာမှ မ(၁)ဦးတို့သည်  ဖျားနာပြီး အနံ့မရသဖြင့်  COVID-19   ရောဂါသံသယရှိသဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံ၌ RDT Kit ဖြင့် စစ်ဆေးခဲ့ရာ COVID-19  ရောဂါပိုးတွေ့ရှိခဲ့သည်။

      

အဆိုပါ ပိုးတွေ့လူနာ(၅)ဦးအား တောင်သာမြို့ပြည်သူ့ဆေးရုံ၊ မင်းစု(အထက) ၊မြို့နယ်အာကာခန်းမ၊ ရုံးစည်ကြီး တိုက်နယ် ဆေးရုံ၊ ကျောဇီတိုက်နယ်ဆေးရုံများ သီးသန့်ဆောင်တွင်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

 

တောင်သာမြို့တွင် COVID-19  ရောဂါ ပိုးတွေ့လူနာစုစုပေါင်း(၁၄၈၉)ဦးရှိပြီး ဆေးရုံဆင်းသူ(၁၃၇၁)ဦးနှင့်သေဆုံးသူ(၅၂)ဦးရှိကြောင်းသိရသည်။                     

 

 ကျော်မျိုးနိုင်(တောင်သာ)