ငါန်းဇွန်မြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေး

 

ငါန်းဇွန်    စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီ အချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာ ယမန်နေ့က မြို့မဇုံမှ (၁၅)ဦး၊ ခြင်္သေ့ လက်ဇုံမှ (၁၀)ဦး၊ သားကျင်ဇုံမှ (၁၅၅)ဦး၊  မြို့သာဇုံမှ (၄၀)ဦးနှင့် ငါန်းမြာဇုံမှ (-)ဦး မြို့နယ် အတွင်း ဇုံ(၅)ဇုံမှ သတ်မှတ်ဦးစားပေးအုပ်စုအလိုက်(၂၂၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသော သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ် စေရေး၊ သွားလာ ရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေး လျှက်ရှိပြီး မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ဩဂုတ် ၃၀ရက်နေ့မှ စက်တင်ဘာ ၁၆ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဇုံ(၅)ဇုံမှ (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် (၄၁၃၃)ဉီး ထိုးနှံပြီးဖြစ် ကြောင်းနှင့် ကျန်ရှိနေ သည့်  သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။                           

သက်နောင်ဦး(ငါန်းဇွန်)