နွားထိုးကြီး စက်တင်ဘာ ၁၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီး မြို့နယ်၊ ပဲချက်ကျေးရွာ၊ အ.ထ.ကတွင် အနံ့ပျောက်၍ဖျားနေသူ (၉၇)ဦးကို စစ်ဆေး ရာ (၁၄ )ဦးတို့ကို (RDT ) ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁၄)ဦးတို့သည် အမှတ်(၄)ရပ်ကွက်မှ (၁)ဦး၊ ပဲချက်ကျေးရွာမှ (၁၀)ဦး၊ ညောင်ဇင် ကျေးရွာမှ (၂) ဦး၊မျက်ရှုကျေးရွာမှ (၁)ဦး တို့နေမကောင်းပြီးအနံ့ပျောက် နေသဖြင့် နွားထိုးကြီးမြို့နယ် ၊ပြည်သူ့ ဆေးရုံတွင် (RDT )ဖြင့် စစ်ဆေးရာကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိသဖြင့် နွားထိုးကြီး မြို့၊ပြည်သူ့ ဆေးရုံ အထူးကုသဆောင် မြို့နယ်အားကစားခန်းမ၊ မိခင်ကလေး၊ မြိုမ- အ.ထ.က ၊မြို့ရှေ့-အမက၊ရွာကြီး အ.ထ.က နေအိမ်တွင် သီးသန့်ထားရှိ၍ ဆေးဝါး ကုသပေး လျက်ရှိကြောင်း သိရ သည်။ နွားထိုးကြီး မြို့ ပြည်သူ့ဆေး ရုံ တွင်ရောဂါ ပျောက် ကင်း သဖြင့် ဆေးရုံ မှဆင်းခွင့်ရသူ (၂၂၅၆) ဦး၊ဆေးရုံတက် ကုသသူ (၂၆၅၈) ဦး၊သေဆုံးသူ(၄၆)ဦး၊ လက်ရှိဆေး ကုသမှု ခံယူသူ(၃၅၆)ဦးရှိကြောင်း သိရသည်။
သန်းအောင်ဇော်