လွိုင်လင်မြို့ပေါ်ရှိ ၁၁ ကေဗွီလိုင်းဟောင်းအား အဆင့်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး၍ ကြိုးဟောင်းများဖြုတ်သိမ်း

လွိုင်လင် စက်တင်ဘာ ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက  မြို့ပေါ်ရှိ  ၁၁ ကေဗွီလိုင်းဟောင်း အား 12 M ကွန်ကရစ်တိုင် 11 KV SAC  ကြိုးဖြင့် အဆင့်မြင့် တင်ရေးလုပ်ငန်းများ ယနေ့နံနက်ပိုင်းက ကြိုးဟောင်းပြန်လည် ဖြုတ်သိမ်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် လွိုင်လင်မြို့ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၁၁ ကေဗွီ ဖီဒါ() ဓာတ်အားလိုင်းပေါ်ရှိ သုခလမ်းစဆုံမှ ပြည်ထောင်စုလမ်း (ရိပ်သာ ထရန်စဖော်မာ) ထိ  ၁၁ ကေဗွီလိုင်းဟောင်းအား 12 M ကွန်ကရစ်တိုင် 11 KV SAC  ကြိုးဖြင့် အဆင့်မြင့်တင်ခြင်းလုပ်ငန်းနှင့်  ၁၁ကေဗွီ ဖီဒါ() ဓာတ်အားလိုင်းပေါ်ရှိ  သုခလမ်းဆုံမှ အနောက်ကျောင်းလမ်းဆုံထိ ၁၁ ကေဗွီ လိုင်းဟောင်းအား 12 M ကွန်ကရစ်တိုင် 11 KV SAC  ကြိုးဖြင့် အဆင့်မြင့်တင်ခြင်းလုပ်ငန်း များကို ဩဂုတ်လအတွင်း ဆောင်ရွက်ပြီးစီးခဲ့ကာ ကြိုးဟောင်းများကို ပြန်လည်သိမ်းဆည်းခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိကြောင်းနှင့် ထိုလုပ်ငန်းများဆောင်ရွက်နေစဉ်  စက်တင်ဘာလ ( ၁၆ ၊ ၁၇ ၊ ၁၈ ရက်) များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကို နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ လည်းကောင်း၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

မိုးလွင်ဦး(လွိုင်လင်)