တပ်ကုန်းမြို့နယ်၌ မီးဘေးသင့်အိမ် မိသားစုဝင်များအားထောက်ပံ့

တပ်ကုန်း စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ညောင်တုံးအိုင်ကျေးရွာအုပ်စု၊ ကရင်အောင်းကျေးရွာတွင် ဦးချစ်တင်၏ နေအိမ် မီးပေါ့လျော့စွာသုံးစွဲခဲ့မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၃ ပင် x ၄ ပင်) သည် ယမန်နေ့နံနက်ပိုင်က မီးလောင်ပျက်စီးဆုံးခဲ့ရာ မီးဘေးသင့်အိမ် မိသားစုဝင်များအား အားပေးစကားပြောကြားခြင်းနှင့် ထောက်ပံ့စရိတ် ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျေးရွာ မီးဘေးသင့်အိမ်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥတ္တဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များက မီးဘေးသင့်ခံရသည့်အိမ်ရှင် ဦးချစ်တင် မိသားစုဝင်များအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး၊ ကျေးရွာမှ ရွာသူ၊ ရွာသားများ မီးဘေးသင့်အိမ်အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုပြီးနောက် ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်က အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၁) သိန်း၊ ဆန် ထောက်ပံ့ငွေကျပ် တစ်သောင်းငါးရာနှင့်အတူ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံးတစ်ပုံးအား ဦးချစ်တင်၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်