ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးမြို့ ပေါ်ရပ်ကွက်အတွင်း မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ပုံပါကျင်   စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး  အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပုံပါကျင်မြို့နယ်မြေရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက် အတွင်းလှည့်လည်အသိပေးနှိုးဆော်ခြင်းကိုဆောင်ရွက်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ မိမိတို့နေအိမ်တွင်ပြင်ပဧည့်သည်များလက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်၍ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊  ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကိုတားဆီးကာကွယ်နိုင်ရန်အတွက်  ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာ ပြီးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် လှည့်လည်အသိ‌‌ ပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

သန္တာ(ပြန်/ဆက်)