ကျွန်းစု စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၌ ယမန်နေ့ က RDT ဖြင့်ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးရာတွင် အတည် ပြုလူနာ (၁၇) ဦး ထပ်မံတွေ့ရှိရကြောင်းသိရသည်။
စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများက. ဖျားနာနေသူများ၊ ရောဂါပိုးတွေ့ လူနာများနှင့် ဆက်စပ်ထိတွေ့သူများအား (RDT)ဖြင့် စစ်ဆေးခဲ့ရာ တွင်မောင်းလှော်ကျေးရွာ (၃) ဦး၊ရတောင် ကျေးရွာ(၁)ဦး၊ ရေအေးကျေးရွာ(၄) ဦး၊တာရပိုင်းကျေးရွာ (၁) ဦး၊ကံမော်ကျေးရွာ(၂) ဦး၊ စခန်း သစ်ကျေးရွာ(၆) ဦး စုစုပေါင်း(၁၇)ဦး တို့၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ သဖြင့် ကိုဗစ်-၁၉ ရောဂါကြပ်မတ်ကုသဆောင်များတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး၊ ကျွန်းစုမြို့နယ် အတွင်း ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူဦးရေ (၁၂၃၀)ဦး၊ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၁၀၆၈)ဦး၊ဆေးဆက်လက်ကုသမှုခံယူသူ ဦးရေ (၁၆၂)ဦးနှင့် သေဆုံးသူ (၂၄)ဦးရှိကြောင်း သိရသည်။
အေးသန္တာဖြိုး (ကျွန်းစု)