ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ၊ ၂၄ ဦး ပြန်လည် ကျန်းမာလာ

 

ဟားခါး    စက်တင်ဘာ    ၁၇

ဟားခါးမြို့တွင် ယမန်နေ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၃ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၂၄ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။         

ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၉၀၁ ဦး၊  ဆေးရုံဆင်းခွင့်ရသူ ၇၄၈ ဦး၊ သေဆုံးသူ ၂၅ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၂၈ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ခရိုင် ( ပြန် / ဆက် )