မိုင်းဖြတ် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံရှိ Covid-19 Fever Clinic သို့ ကျန်းမာရေး လာရောက်စစ်ဆေးမှု ခံယူသူ(၃၇)ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသား ငါးဦးနှင့် အမျိုးသမီးနှစ်ဦး၊ ပေါင်း(၇)ဦးထံမှ ကိုဗစ်-၁၉ Positive စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာများမှာ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဟိုနား(ရှမ်း)ကျေးရွာမှ တစ်ဦး၊ နမ့်လောက်ကျေးရွာမှ (၃)ဦး၊ ဈေးတန်း(ကွက်သစ်) ရပ်ကွက်မှ (၃ )ဦး၊ စုစုပေါင်း (၇) ဦးတို့သည် မိမိတို့နေအိမ်၌ နေထိုင်စဉ် နေမကောင်းဖြစ်သဖြင့် မြို့နယ်ပြည်သူ့ ဆေးရှိ Fever Clinic ၌ ကျန်းမာရေးလာရောက် စစ်ဆေးမှုခံယူခဲ့ကြရာ RDT Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးခဲ့ရာတွင် Covid-19 positive တွေ့ရှိကြောင်း၊ အဆိုပါ ပိုးတွေ့အတည်ပြုလူနာ များအား စျေးတန်း(ကွက်သစ်)ရပ်ကွက်၊ လားဟူအသင်းတော် ဘော်ဒါဆောင်ရှိ Positive Centre၌ (၂)ဦး၊ ဟိုနားကျေးရွာရှိ (RC)ဘုရားရှီးခိုးကျောင်း(ဘော်ဒါဆောင်) Positive Centre ၌(၃)ဦး၊ Home Quarantine ၌(၂)ဦး၊ အသီးသီးထားရှိကာ နေ့စဉ် အလှူရှင်များမှ စားသောက်ဖွယ်ရာများ လှူဒါန်းပေး၍ လူမှုကူညီရေးအသင်းအဖွဲ့မှ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေပြီး ကျန်းမာရေး ဝန်ထမ်းများက တာဝန်ရှိသူ များနှင့်ပူးပေါင်း၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာရှိ တာဝန်ရှိသူများက Positive Centre များ၌ စည်းကမ်း လိုက်နာနိုင်ရန်နှင့် လုံခြုံရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ Positive အတည်ပြုလူနာများ နေ့စဉ်လိုကူးစက်လျက်ရှိရာ ယမန်နေ့တွင် ကိုဗစ်-၁၉ positive အတည်ပြုလူနာ ၇ ဦး ထပ်မံတွေ့ရှိ၍ သက်သာပြီး ဆေးရုံဆင်းခွင့်ရှိသူ ၁၇ ဦးရှိ ကြောင်း၊ ဇူလိုင် ၁ ရက် နေ့ မှ စက်တင်ဘာလ ၁၆ ရက်အထိ အတည်ပြုလူနာပေါင်း ၃၁၁ ဦးထိ စစ်ဆေးတွေ့ရှိရပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရရှိသူဦးရေပေါင်း ၁၉၈ ဦး၊ ဆေးကုသမှုခံယူသူ ၁၁၃ ဦး ကျန်ရှိနေပြီး သေဆုံး လူနာမရှိ ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)