လွိုင်လင်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၅၇၈ဦးရှိပြီဖြစ်

လွိုင်လင်      စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test kit ဖြင့်စစ်ဆေးရာ ၃ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်းသိရသည်။

လွိုင်လင်မြို့နယ်တွင် ဇွန်လ ၂၀ရက်နေ့ မှ ယမန်နေ့ညနေပိုင်းအထိ ကို‌ဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၅၇၈) ဦးရှိပြီဖြစ်သည်။ ယင်းတို့အထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ (၄၂၀) ဦး သေဆုံးသူ(၁၃) ဦး ၊ ဆေးကုသဆဲလူနာ (၁၃၅)ဦး ကျန်ရှိနေကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

၀င်းမင်းသန့်(လွိုင်လင်)