တပ်ကုန်း စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ် ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိရန် အသိပညာပေးလက်ကမ်း စာစောင်များနှင့်ဗီနိုင်းပိုစတာများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းဝန်း၊ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးထိုးလာရောက်သည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
ထိုသို့ လက်ကမ်းစာစောင်များနှင့်ပိုစတာများဖြန့်ဝေဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်တင့်တင့်ခိုင် ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးတွင် လိုက်နာရမည့်စည်ကမ်းချက်များသိရှိ၍ ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး၊ ကာကွယ်ဆေးထိုးစုရပ်နေရာတွင် Delta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ် နှင့်ပတ်သက်သော အချက်အလက်ဗီနိုင်းပိုစတာများကို ကပ်ထားပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူအား ဆန့်ကျင်ကဲ့ရဲ့ပြောဆိုခြင်းမပြုရန်၊ အိမ်တွင် ဘယ်လိုကောင်းစွာချက်ပြုတ်မလဲ၊ ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာ စသည့်အချက်အလက်များပါဝင်ပြီး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့်ဗီနိုင်းပိုစတာများဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်