မြစ်ကြီးနား စက်တင်ဘာ ၁၇
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် British Council Myanmar တို့မှ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ သင်တန်းသားများပါဝင်သည့် ဘောလုံးနည်းပြသင် တန်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ဖွင့်လှစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ရပ်ရွာအခြေပြုဘောလုံးနည်းပြသင်တန်း( Premier Skill Community Coaching Course)မှတဆင့် ပြည်နယ် အတွင်းရှိ အရည်အချင်းပြည့်ဝသည့်ဘော လုံးနည်းပြဆရာကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ အခြေခံကျသည့် နည်းစနစ် များကို မိမိတို့တတ်ကျွမ်းထားသည့် ကျွမ်းကျင်မှုနှင့် ပေါင်းစပ်အသုံးပြုကာ ပြည်နယ်၏ဘောလုံးအားကစားဖွံ့ဖြိုး တိုးတက်လာ အောင်လက်တွေ့ကျကျ အသုံးချရန်လိုကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးလုပ်ငန်းများကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖောင်ဆောင်ရွက်ပေးကြရန်လို ကြောင်းတိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးဇာနည်ထွန်းက ဖွင့်လှစ်သင်ကြားသွားမည့် သင်တန်းနှင့် ပတ်သက်၍ ယနေ့မှ စတင်၍ ၅ ရက်ကြာဖွင့်လှစ် သင်ကြားသွားမည့် သင်တန်းတွင်ခရိုင် ပေါင်းစုံမှ သင်တန်းသား ၂၄ ဦးတို့အား စာတွေ့၊ လက်တွေ့ သင်ကြားသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ပြည်နယ်ပြန်/ဆက်