မလှိုင် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန် တိုးမြင့်ဆောင် ရွက်လျက်ရှိရာ မိဘပြည်သူများလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ပြည်သူအများ သိရှိစေရန် မလှိုင်မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက အသံချဲ့စက်ဖြင့် အသိပေး သတိပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပေးကြေညာချက်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ မိမိကစ၍ ကာကွယ်ပါ ဆောင်ပုဒ်အတိုင်း အိမ်အပြင် ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစီး Mask ကို စနစ်တကျ တပ်ဆင်ရန ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ Face Shield ကို တွဲဖက်တပ်ဆင်အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင် ရန်၊ လူစုလူဝေးရှောင်ကျဉ်ရန်၊ လက်ကိုစက္ကန့်(၂ဝ)ခန့် မကြာခဏဆေးပေးရန်၊ အလုံပိတ်ခန်းများ၊ အဲကွန်းခန်းများ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကျဉ်ရန်၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှင့်အထက် အသက်အရွယ် ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့် နာတာရှည်ရောဂါအခံ ရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကျဉ်ရန်၊ အသွားအလာတားမြစ် ပိတ်ပင်၍ သီးသန့် ခွဲခြားနေထိုင်ခြင်း၊ Quarantine လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူပေါင်းပါဝင်ရန်၊ ပါးစပ်နှင့်နှာခေါင်းစီး တပ်ဆင်မထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ရန်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းသတိပေးရန်၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ကာကွယ်ရေးနည်းလမ်း များကို ဆက်လက်လိုက်နာဆောင်ရွက်သွားရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)