သာစည်မြို့နယ်တွင် မသန်စွမ်းသူ ၁၂၃၂ ဦးအား ထောက်ပံ့ငွေပေးအပ်

သာစည် စက်တင်ဘာ ၁၇


 

မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်အတွင်းရှိ   မသန်စွမ်းသူများအား  ပြန်လည်ထူထောင်ရေး ဦးစီး ဌာနမှ ထောက်ပံ့သော ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်ကြောင်းသိရသည်။


 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြား သည်။ ထို့နောက်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက       ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ မသန်စွမ်းသူများအား ထောက်ပံ့ပေး အပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထောက်ပံ့ငွေပေးအပ်ရာတွင် မသန်စွမ်းသူ ၁၂၃၂  ဦးအား တစ်ဦးလျှင်  ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်  တစ်နှစ်စာ ထောက်ပံ့ငွေကျပ် ၃၀၀၀၀  ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။


 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။  


 

မြို့နယ် ပြန်/ဆက်