ရေဖြူ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာန၊ ရေဖြူမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို စက်တင်ဘာ (၁၄) ရက်နှင့် (၁၅)ရက်နေ့တို့ တွင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန၊ ရေဖြူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က “ပန်းခင်းစီမံချက်” လုပ်ငန်းပါ လုပ်ငန်းများ၊ မြန်မာနိုင်ငံ သားဖြစ်ပါက တိုင်းရင်းသားနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့ပြီး “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကံပေါက်၊ဖောင်းတော၊ သဲချောင်း၊ ဇာဒီကျေးရွာအုပ်စုအတွင်းမှ ကျေးရွာနေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသူ (၁၃၃) ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားသူ အိမ်ထောင်စု (၁၁၃)စု၊ အသစ်လဲလှယ်သူ(၂၄)ဦးတို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရေဖြူ (ပြန်/ဆက်)