ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ အေရိုးဗစ်ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား  စက်တင်ဘာ ၁၇

ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်း ဆုရှိရးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်  ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခုမှ ကစားသမားပါဝင်သည့် ၂၀၂၁ ခုနှစ် အေရိုးဗစ်ကျွမ်းကျင်မှုသင် တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကရာတေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက  ယနေ့ သင်တန်းတက်ရောက်ကြမည့် သင်တန်းသူ များအနေဖြင့် အေရိုးဗစ်အားကစားနည်း၏ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့်ကစားကွက် များကို နည်းလည်သဘောက်ပေါက်အောင် ကျိုးစားသင်ယူကြစေလိုကြောင်း၊ ပြည်နယ်၏ အမျိုးသမီးအားကစားဖြစ်သည့် အေရိုးဗစ် အားကစားအဆင့် တိုးတက်မြင့်မား၍ ပိုမိုအောင်မြင်လာစေရေး  ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် သင်တန်းနည်းပြဆရာမ ဒေါ်အဲလစ်သန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြော ကြားပြီးသင်တန်းသူများမှ ခရိုင်အလိုက် အေရိုးဗစ်အားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အမျိုးသမီးအားကစား ဆပ်ကော် မတီဥက္ကဋ္ဌ ဒေါ်နန်းစိန်အေးက အေရိုးဗစ်အားကစားဝတ်စုံများကို ထောက်ပံ့ပေး အပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ပြည်နယ်အတွင်းရှိ ခရိုင် (၄)ခရိုင်မှ သင်တန်းသူ ၆၀ ဦးတို့အား ယမန်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ၁ လကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်းသိရှိရသည်။

ပြည်နယ်ပြန်/ဆက်