တောင်ကြီး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုကို Pilot Project ဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ရွှေညောင်မြို့ စဉ့်ဟယ်ရပ်ကွက်ရှိ စဉ့်ဟယ်ဈေးတွင် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ သွားရောက်စစ်ဆေး ပေးရာတွင် ရွှေညောင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရှမ်းတောင်ပရဟိတ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရွှေညောင်မြို့ စဉ့်ဟယ်ရပ်ကွက်ရှိ စဉ့်ဟယ်စျေးတွင် စျေးရောင်းချသူ (၂၅၀)ဦးအား (RTD) Tesk Kit ဖြင့် အခမဲ့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၄)ဦးတွေ့ရှိသဖြင့် ပိုးတွေ့ရှိသူများအား Home Quarantine ထားရှိခြင်းနှင့် Positive Centre များသို့ ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေညောင်မြို့တွင် ဇွန်လ (၁) ရက်နေ့မှ စက်တင်ဘာ (၁၅) ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄၄၅) ဦး ရှိပြီး၊ ကျန်းမာရေး ကောင်းမွန်၍ နေအိမ်သို့ ပြန်လည် စေလွှတ်သူ (၃၅၀) ဦး၊ သေဆုံးသူ(၄၉)ဦး ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)