တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေး အဆင့်လိုက် ပြည်သူများအား စတင်ထိုးနှံ

တပ်ကုန်း      စက်တင်ဘာ    ၁၆

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊ တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့က ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းတွင် ထိုးနှံပေး နေကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ Sinopharm အမျိုးအစား ဖြစ်၍ ကာကွယ်ဆေးအလုံးရေ (၁၆၀၆)လုံး ရရှိကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးကြပြီး၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁)ဗိုလ်မှူးနိုင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ယာယီရဲမှူး တင်အောင်မိုး တို့က လာရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။

တင်စိုးလွင်