သုံးခွ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်၊ စပါး ကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများအား စား၀တ်နေရေး အဆင်ပြေစေရန် ဆိတ်သား၊ အမဲသား၊ ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားသောက်ကုန် ပစ္စည်းများကို (တတိယအကြိမ်) ဈေးကားများဖြင့် ယနေ့နံနက် ၁၀နာရီအချိန်က သုံးခွမြို့မဈေး အနောက်ဘက်တွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောင်းချရာတွင် အမဲသား ၁ ပိဿာ ၁၂၀၀၀ကျပ်၊ ဆိတ်သား ၁ပိဿာ ၁၇၀၀၀ကျပ်၊ ဆိတ်ကလီစာ ၁ပိဿာ ၁၄၀၀၀ကျပ်၊ ဆီငါးဆယ်သားတစ်ဗူးလျှင် (၁၈၅၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥ(၁၀)လုံး (၁)ကဒ်လျှင် (၁၃၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ရိုးရိုးဆန် တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း ရွှေလျားမော်တော်ယာဉ် နှစ်စီးဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် စည်ပင်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ် ပြန်/ဆက်