နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ လှူဒါန်း

ဟိုပန်   စက်တင်ဘာ    ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကာလ အတွင်း တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဝါဆိုတော်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင် ဆရာလေးများအား  ဆွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများအား လှူဒါန်းပေးလျက်ရှိရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ မြသိန်းတန်ဘုန်းတော်ကြီး ကျောင်းတိုက်နှင့် သီရိရတနာ သီလရှင်စာသင်တိုက်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ အောင်ချမ်းသာ(မန်တောက်) ဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသုခ(ဟိုနား) ဘုန်းတော်ကြီးကျောင်းတို့အား ဆွမ်းဆန်တော်(၅၅)အိတ်၊ ဆီ(၁၇၂)ပိဿာနှင့် ပဲ (၃၃၄)ပိဿာတို့အား တာဝန်ရှိသူအသီးသီးမှ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဝါဆိုတော်မူကြသော ရဟန်းသံဃာနှင့် သီလရှင်ဆရာလေးများအား ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆွမ်းဆန် တော်(၁၂၇၆)အိတ်၊ ဆီ(၁၉၁၇)ပိဿာနှင့် ကုလားပဲ(၃၈၄၅)ပိဿာတို့အား ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)