သပိတ်ကျင်းမြို့ လူမှုကူညီရေးအသင်းအတွက် အလှူရှင်မိသားစုမှ အောက်ဆီဂျင်စက် လှူဒါန်း

သပိတ်ကျင်း  စက်တင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်ရှိ ကရုဏာရှင်လးများ လူမှုကူညီရေးအသင်းအတွက် အလှူရှင်မိသားစုမှ ယနေ့နေ့လယ်ပိုင်းက အောက်ဆီဂျင် စက်တလုံး လာရောက်လှူဒါန်းခဲ့ကြောင်း ကရုဏာရှင်လေးများ လူမှုရေးအသင်းဥက္ကဋ္ဌ ဦးစိုးမြင့်ဦးထံမှ သိရသည်။

သပိတ်ကျင်းမြို့ ကဘဲ့ရပ်ကွက် အလှူရှင် ဦးသန်းထွန်း + ဒေါ်ခင်တင့် မိသားစုမှ ကွယ်လွန်သူ သား ကိုမင်းမျိုးမြတ်(ခ) ကိုထပ်ကူးအားရည်စူး၍ လူမှုကူညီရေးအသင်းအတွက် လိုအပ်လျက်ရှိသော (ငွေကျပ် ၁၇ သိန်း)တန်ဖိုးရှိသည့် အောက်ဆီဂျင်စက် တစ်လုံးအား ပေးအပ်လှူဒါန်းခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးစိုးမြင့်ဦးမှ လက်ခံရယူပြီးအသင်းဥက္ကဋ္ဌမှ အသင်းကိုယ်စား အလှူရှင်မိသားစုအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)