မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ(၅)ဦးထပ်မံစစ်ဆေး တွေ့ရှိ၊ (၃)ဦးကျန်းမာ လာ၍ဆေးရုံဆင်း

မိုင်းရှူး  စက်တင်ဘာ   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ (၄၃)ဦး၊ လွိုင်ဆောင်ထောက်တိုက်နယ် ဆေးရုံ မှ(၂၆)ဦး၊ စုစု ပေါင်း(၆၉)ဦးတို့ကို ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kitဖြင့်စစ်ဆေးရာ မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ စစ်ဆေးသည့်(၄၃)ဦး အနက် အမျိုးသမီး (၂)ဦး၊ လွိုင်ဆောင်ထောက်တိုက်နယ်ဆေးရုံမှ စစ်ဆေးသည့် (၂၆)ဦး အနက်အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး တို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့၌ ဇူလိုင်လ၄ရက်နေ့မှယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြု လူနာ(၁၇၈)ဦး၊ ဆေးရုံဆင်း သူ (၁၆၁)ဦး၊ သေဆုံး(၄)ဦး၊ ကုသဆဲ (၁၃)ဦး၊ လွိုင် ဆောင်ထောက်တိုက်နယ် ဆေးရုံတွင် ဇူလိုင်လ (၅) ရက်နေ့မှ ယနေ့ထိ ပိုးတွေ့. အတည်ပြုလူနာ (၁၃၅)ဦး၊ ယနေ့ဆေးရုံဆင်း(၃)ဦး၊ စုစုပေါင်းဆေးရုံဆင်း (၁၁၃)ဦး၊ သေဆုံး(၉)ဦး၊ ကုသဆဲ(၁၃)ဦး၊ မိုင်းစံတိုက်နယ်ဆေးရုံတွင် သြဂုတ်လ(၁၁) ရက်နေ့မှယနေ့ထိ ပိုးတွေ့ အတည်ပြုလူနာ(၅)ဦး၊ ဆေးရုံဆင်း(၅)ဦးရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ(၄)ရက်နေ့မှယနေ့ အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း(၃၁၈)ဦး၊ ဆေး ရုံဆင်းသူပေါင်း(၂၇၉)ဦး၊ သေဆုံးသူ(၁၃)ဦး၊ ကျန်ရှိသည့် အတည်ပြုလူနာ(၂၆)ဦး တို့ကို မြို့နယ်ပြည်သူ့ ဆေးရုံနှင့်ပတ္တမြားခန်းမ၊ သက်ဆိုင်ရာတိုက်နယ်ဆေးရုံ၌ သီးသန့်ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)