ရန်ကုန် ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ လူသွားစင်္ကြန်(Platform)ပြုလုပ်ရန် ပြင်ဆင်နေသည့် လုပ်ငန်းခွင် သို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှု စစ်ဆေးခြင်း ကို ယမန်နေ့ နေ့လယ်(၁)နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် နံ့သာကုန်း ရပ်ကွက်၊ အ.ထ.က(၁)ကျောင်းဘေးရှိ တန်းမြင့်ကျော်လမ်း အတွင်း မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်း တာဝန်ခံ အဖွဲ့မှ ဦးစီးအရာရှိ AE ဦးသန်းဦး ဆောင်ရွက်နေသော လူသွားစင်္ကြန်(Platform)ပြုလုပ်ရန် ပြင်ဆင်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည် များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)