ဆီဆိုင် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၆၀၆၉)ဦးရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
ဆီဆိုင်မြို့နယ်တွင် ရက်ကွက်(၆)ရပ်ကွက်အတွက် မဲရုံ(၈)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၇၈၃၆)ဦးနှင့် ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာပေါင်း(၃၂၂)ရွာအတွက် မဲရုံ(၈၅)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၈၈၂၃၃)ဦး ရှိသဖြင့် စုစုပေါင်း မဲရုံ(၉၃)ရုံ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ (၉၆၀၆၉)ဦးရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၁၃ ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများ၌ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာခဲ့ရာ ယနေ့အထိ မဲစာရင်းလာရောက် ကြည့်ရှုသူဦးရေ (၅၄၆၂၂)ဦးရှိပြီး ပုံစံ(၃)နှင့် အမည်စာရင်း တောင်းဆို သူ(၁၀၈၇၅)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာ တင်သွင်း သူ(၂၅၄)ဦး၊ ပုံစံ(၄)(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းသူ(၂၄၂၂)ဦး ရှိကြောင်း နှင့် မဲစာရင်းကို ဩဂုတ်လ ၁၄ ရက်နေ့ထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)