ကျွန်းစု စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ စက်တင်ဘာလ (၁၅)ရက်နေ့ကRDT ဖြင့်ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် အတည်ပြုလူနာ (၁၆)ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။
စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများက. ဖျားနာနေသူများ၊ ရောဂါပိုးတွေ့ လူနာများနှင့် ဆက်စပ်ထိတွေ့သူများအား (RDT)ဖြင့် စစ်ဆေးခဲ့ရာ တွင်မရမ်းချောင်းကျေးရွာ (၁) ဦး ၊ကံမော် ကျေးရွာ (၂) ဦး ၊စခန်းသစ်ကျေးရွာ (၁၃) ဦး စုစုပေါင်း(၁၆)ဦးတို့၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကိုဗစ်၁၉ရောဂါ ကြပ်မတ်ကုသဆောင်များတွင် ဆေးဝါးကုသမှုခံယူ လျက်ရှိပြီး၊ကျွန်းစုမြို့နယ်အတွင်း(၁၅.၉.၂၀၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ ဦးရေ (၁၂၁၃)ဦး၊ ရောဂါပိုးကင်းစင်၍ဆေးရုံမှ ဆင်းခွင့်ရသူ(၁၀၄၈)ဦး၊ ဆေးဆက်လက် ကုသမှု ခံယူသူ ဦးရေ (၁၆၅) ဦး နှင့် သေဆုံးသူ(၂၃) ဦး ရှိကြောင်း သိရသည်။
အေးသန္တာဖြိုး (ကျွန်းစု)