တရုတ်နိုင်ငံတွင် ပြစ်ဒဏ်ကျခံနေသည့် မြန်မာနိုင်ငံသားများအားတာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း

ချင်းရွှေဟော်    စက်တင်ဘာ ၁၆

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေး စခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၅၄)ဦးအား တရုတ်နိုင်ငံ နယ်ခြားစောင့် လူဝင်မှု စစ်ဆေးရေးဌာန၊ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ ချင်းရွှေဟော် နှစ်နိုင်ငံနယ်စပ် တံတားပေါ်တွင် ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့ရာ အမှတ်(၁၂၉) ရှေ့တန်းခြေလျင်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး ထွန်းမင်းခိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဦးကျော်မိုး ၊လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်စိတ်()မှ ရဲအုပ် ဇော်ဝင်းမြင့်၊ နယ်မြေရဲစခန်းမှ ရဲအုပ်လှိုင်ဝင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စိစစ်လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါရွှေ့ပြောင်းလုပ်သားများသည် ချင်းရွှေဟော်၊မူဆယ်၊ကန်ပိုက်တီးမြို့တို့ရှိ နယ်စပ်ဂိတ်များမှ BP /TBP ဖြင့်လည်းကောင်း၊ တရားမဝင် တောလမ်းများမှလည်းကောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြပြီး တရုတ်နိုင်ငံ၊ ဆန်တုံးမြို့ရှိ ရေခဲသေတ္တာစက်ရုံ၊ ကွမ်းတုံးမြို့ရှိ ဖိုင်စက်ရုံ၊ ပရိဘောဂ စက်ရုံ၊ မှန်စက်ရုံ၊ သေတ္တာလုပ်ငန်း၊ ဖိနပ်စက်ရုံ၊ အရုပ်စက်ရုံ၊ ဆောင်းဘောက်စက်ရုံ၊ သံစက်ရုံ၊တုံကွမ်း မြို့ရှိအထပ်သားစက်ရုံ၊ မှန်စက်ရုံ၊ ပန်းစက်ရုံ၊ အင်္ကျီချိတ်စက်ရုံ၊အရုပ်စက်ရုံ၊သေတ္တာလုပ်ငန်း၊ ဇယ်ရှမ်း မြို့ရှိရေခဲသေတ္တာစက်ရုံ၊မိန်းတိန်မြို့ရှိ ကြံစိုက်ပျိုးရေး လုပ်ငန်း၊ ရေသန့်စက်ရုံ၊ စားသောက်ဆိုင်လုပ်ငန်း၊အလှပြင်ဆိုင်လုပ်ငန်း၊ ရှီးစီမြို့ရှိ ဆေးမှုတ်လုပ်ငန်း၊ မောက်မန်မြို့ရှိ  မှန်စက်ရုံ၊မွေးမြူရေး လုပ်ငန်း၊ဆန်းထုန်းမြို့ရှိ ရေခဲသေတ္တာစက်ရုံ၊ ရှောက်ထိုမြို့ရှိ ပရိဘောဂစက်ရုံ၊ ဘုန်းရွမ်မြို့ရှိ အထပ်သားစက်ရုံတို့တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိရာမှ နယ်မြေကျော်ဝင်ရောက်မှူဖြင့် တရုတ်ရဲမှ ဖမ်းဆီးပြီး ထောင်ဒဏ် အသီးသီးကျခံကာ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သူများ ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ကျား(၃၄) ၊မ(၂၀) ပေါင်း (၅၄)ဦးအား ချင်းရွှေဟော် ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများ စစ်ဆေးချက်အရ ၎င်းတို့မှာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များ မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၎င်းတို့အားစိစစ်မေးမြန်းပြီးနောက် လတ်တလောရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း တရုတ်နိုင်ငံမှ ပြန်လာသူများဖြစ်၍ ချင်းရွှေဟော်မြို့ အဆုတ်ရောင်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီသို့ စောင့်ကြည့်စစ်ဆေးမှု ခံယူရန်  ရပ်ကွက်()ရှိ အခြေခံပညာအထက်တန်းကျောင်း ယာယီ Quarantine Centerတွင် ပို့ဆောင်ထားရှိပါသည်။ ၎င်းတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကုသရေးဦးစီးဌာနမှ သတ်မှတ်ရက် အတွင်း RDT Test Kit ဖြင့် ထပ်မံရယူ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပြီး Negative ရလာဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးတွင် ဆက်လက် Quarantine ဝင်ရောက်သွားရန် ပြန်လည်စေလွှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူမောင်မောင်