ရေဖြူ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို စက်တင်ဘာ ၁၃ ရက်တွင် နေအိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများကို ကလိန်အောင် မြို့အပါအဝင် ရပ်ကွက် (၈)ခုနှင့် ကျေးရွာအုပ်စု(၃၄)အုပ်စုရှိ အသက် (၈၅)နှစ်အထက် အဘိုးအဘွား (၆၀၄)ဦးအား အဘိုးအဘွားတစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် (၁၈၁၂၀၀၀၀) ကျပ်ကို ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊စာရေးများက ဘိုးဘွားများ၏ နေအိမ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေဖြူ (ပြန်/ဆက်)