ဘုတ်ပြင်း စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အသက်(၅၅)နှစ် အထက် ပြည်သူများအား တရုတ်နိုင်ငံထုတ် Sinpharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အားကစာခန်းမ၌ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီထို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာဆေး ထိုးစုရပ်များတွင် ဆေးထိုးပေးလျက်ရှိပြီး အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ယခင် Sinpharm အမျိုးအစား ကာကွယ်ဆေးပထမအကြိမ်ထိုးပြီး၍ ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများ ကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)