မြစ်သား စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ပေါက်မြိုင်ကျေးရွာနှင့် ကင်းစိန်စျေးကျေးရွာ တို့တွင်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ တိကျစွာ လိုက်နာ ဆောင်ရွက်စေရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား အသိပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်(၈)နာရီက Hand Spaker ဖြင့်လှည့် လည် အသိပေး ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု မခံရစေရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင် သာနေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းMask ကိုစနစ် တကျ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် ၊ Mask မတပ်သူများ နှင့်တွေ့ဆုံခြင်း၊ စကား ပြောဆိုခြင်း၊ စျေးဝယ်ခြင်း များမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာ နှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေး ကြောရန်၊ မလိုအပ်ပဲ အိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ရောဂါပိုးကူးစက်ခံနေရ သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ကိုဗစ်-၁၉ရောဂါကူးစက်မှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်း များကိုမိဘပြည်သူ များအားလုံး က ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန် အသိပေး နှိုးဆော်ခြင်းများကို ပေါက်မြိုင် ကျေးရွာနှင့် ကင်းစိန်စျေး ကျေးရွာများ အတွင်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း ဆောင် ရွက်ခဲ့ကြောင်းသိရသည်။