နယ်စပ်ဒေသမိုင်းယန်းမြို့နယ် နောင်ဟွိုင်ကျေးရွာတွင် စိမ့်စမ်းရေနှစ်မိုင်သွယ်တန်းခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိုင်းယန်း        စက်တင်ဘာ   ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နောင်ဟွိုင်ကျေးရွာမှ ဒေသခံတိုင်းရင်းသာပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက်  စိမ့်စမ်းရေ နှစ်မိုင်သွယ်တန်းခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးသက်လင်းထွန်းထံမှ သိရသည်။

အဆိုပါ ကျေးလက်ရေရှိရေးလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံးမှ ငွေလုံးငွေရင်းအသုံးစရိတ်ဒေသဖွံ့ဖြိုးရေး(ကျေးလက်ဒေသများရေရရှိရေး ဆောင်ရွက်ခြင်း)ရန်ပုံငွေ ကျပ်(၂၀)သန်းဖြင့် စိမ့်စမ်းရေနှစ်မိုင်သွယ်တန်းခြင်းနှင့် အလျား(၁၅)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၆)ပေရှိ ဂါလံ (၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသက်လင်းထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေပေးရေးလုပ်ငန်းပြီးစီးပြီဖြစ်၍ နောင်ဟွိုင်ကျေးရွာရှိ အိမ်ခြေ ၄၇၊ လူဦရေ ၂၀၉ ဦး အတွက် သန့်ရှင်းသောသောက်သုံးရေများကို ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ခြင်းကြောင်း ဒေသခံ တိုင်း ရင်းသားပြည်သူများက ဝမ်းမြောက်နေကြကြောင်း သိရသည်။

ခွန်ရဲထွေး