ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ဆောက်လုပ်

မိုင်းယန်း          စက်တင်ဘာ    ၁၆

ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစေရေးနှင့် စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက် အအုံသစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား  ယမန်နေ့ ညနေ နာရီခန့်က တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါရုံးသစ်သည် အလျားပေ ၃၆၊ အနံပေ ၃၂ပေ၊ အမြင့် (၂၃)ပေရှိ အာရ်စီ()ထပ် အဆောက်အအုံ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၇၇.၅၃၇)သန်းဖြင့် Rocky Planet Group ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့ရာ လုပ်ငန်းအရည်အသွေးပြည့်မီမှု ရှိ/မရှိကို မြို့နယ် အဆင့်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသက်လင်းထွန်းနှင့် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး