ဟားခါး စက်တင်ဘာ ၁၆
ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာလ ၁၅ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၂ ဦးထပ်မံတွေ့ရှိပြီး ၁ ဦးသေဆုံးကာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၄ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၈၈၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၇၂၄ ဦး၊ သေဆုံးသူ ၂၅ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၃၉ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း