ဟိုပန် စက်တင်ဘာ ၁၆
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သံသယလူနာ(၂၁)ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၂)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
လူနာများမှာ နမ့်လျှံရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦးတို့ဖြစ်ကြပြီး မြို့နယ် အားကစားကွင်း Quarantine Centerတွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက် ရှိပါသည်။
ဟိုပန်မြို့နယ်တွင် ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၃၁၇)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ(၂၇၀)ဦး၊ ဆေးကုသ လျက်ရှိသူ (၄၂)ဦးနှင့် သေဆုံးသူ(၅)ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်