ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျိုင်းတုံ          စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အမှာစကားပြေားကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း)မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် ကျိုင်းတုံမြို့နယ်မှ လူမှုရေး အသင်းအဖွဲ့များနှင့် Volunteer များအတွက် ကြက်ဥ အလုံး ၁၀၀၀၊ လူမှုရေးအသင်း(၃)သင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များအတွက်  PPE ဝတ်စုံ ၇၀၀၊ FEVER CLINIC ဖျားနာလူနာ ကုသမှုဆေးခန်းအတွက် PPE ဝတ်စုံ ၂၀၀၊  Test Kit ၂၀၀၀၊   Surgical gown  ၂၀၀၊ ရှမ်းအရှေ့ မြို့နယ်များအတွက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး (၄) လုံးနှင့် ကျိုင်းတုံတက္ကသိုလ်အတွက် အန်နာဗွန်စီဆေးများ ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ကျိုင်းတုံမြို့နယ်အတွင်း  Quarantine Center ၊  Positive Center နှင့် FEVER CLINIC ဖျားနာလူနာ ကုသမှုဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် Volunteer များအတွက် ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ဆီ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)