ငါန်းဇွန် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီ အချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေ အလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာ ယမန်နေ့က မြို့မဇုံမှ (၁၀၀)ဦး၊ ခြင်္သေ့ လက်ဇုံမှ (၅)ဦး၊ သားကျင်ဇုံမှ (၈၀)ဦး၊ မြို့သာဇုံမှ (၄၀)ဦးနှင့် ငါန်းမြာဇုံမှ (၁၅)ဦး၊ ငါန်းဇွန် မြို့နယ်အတွင်း စုစုပေါင်း ဇုံ(၅)ဇုံမှ သတ်မှတ်ဦးစားပေး အုပ်စုအလိုက်(၂၄၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ် ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက် ကြသော သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာ ရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေး လျှက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ဩဂုတ် ၃၀ရက်နေ့မှ စက်တင်ဘာ ၁၅ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၅)ဇုံမှ (၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် (၃၉၁၃)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)