တံတားဦးမြို့နယ်တွင် လမ်းစီမံကိန်းဧရိယာအတွင်းပါဝင်သောမြေဧရိယာများ မြေယာတန်ဖိုးပေးချေခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်

တံတားဦး ဩဂုတ်  ၁၄

ရန်ကုန်-မန္တလေးအမြန်လမ်း တံတားဦးလေဆိပ် (အဝိုင်းမှ မြို့သာစက်မှုဥယျာဉ်မြို့တော်သို့ ဆက်သွယ်မည့် လမ်းသစ်ဖောက် လုပ်ရေးအတွက် လမ်းဧရိယာအတွင်းပါဝင်သော မြေဧရိယာတန်ဖိုးပေးချေခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို ယနေ့နံနက် (၁၀နာရီက တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်

မြို့သာစက်မှုဥယျာဉ်မြို့တော်သို့ဆက်သွယ်မည့် လမ်းသစ်ဖောက်လုပ်ရေးအတွက် လမ်းဧရိယာအတွင်းပါဝင်သော ဇီးချောင်းကျေးရွာအုပ်စု ပြူကန်ကျေးရွာနှင့် မိုးနှံခြုံကျေးရွာအုပ်စုများမှ တောင်သူများထံသို့  Mandalay Myotha Industrial Development Public Co;Ltd မှ လမ်းဧရိယာအတွင်းပါဝင်သည့်  မြေယာများအတွက် လယ်မြေတစ်ဧကလျှင် ငွေကျပ် (၄၅သိန်း ယာမြေတစ်ဧကလျှင်  ငွေကျပ် (၃၀သိန်းနှုန်းဖြင့် တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (အုပ်စုမှ ကွင်းပေါင်း (ကွင်း၊ တောင်သူပေါင်း (၄၀ဦး ဦးပိုင်ပေါင်း (၇၄ခု လယ်မြေ (၁၁ဒသမ၈၂ဧက ယာမြေ (၄၈ဒသမ၇၃)ဧက စုစုပေါင်းဧရိယာ (၆၀ ဒသမ ၅၅ဧကအတွက် ငွေကျပ် (၁၉၉၃၈၀၀၀၀)ကျပ်အား ငွေပေးချေခြင်း စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ပြူကန်ကျေးရွာအုပ်စုနှင့် သဲမောင်းကန်ကျေးရွာအုပ်စုတို့ကိုလည်း မြေယာတန်ဖိုးငွေများ ပေးချေခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)