ဝမ်းတွင်း၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့/ကျန်မာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဈေးရောင်းသူများနှင့် ကျန်မာရေးအကောင်းသူ(၄၅၀)ဦးအား ယမန်နေ့နံနက်(၈) နာရီအချိန်က သတ်မှတ်ထားသောနေရာ(၃)ခု၌ RDT Test Kit ဖြင့် စစ်ဆေးပေးရာ(၂၇) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
အဆိုပါ သတ်မှတ်ထားသောနေရာ(၃)ခုဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် အ.ထ.က (ဝမ်းတွင်း)၊ ဝမ်းတွင်း သာသနဗိမာန်တို့၌ စစ်ဆေးချက်များအရ လေးမျက်နာကျေးရွာမှ(၄)ဦး၊ဘုတ် ကုန်းကျေး ရွာမှ(၁)ဦး၊ အလယ်ကန်ကျေးရွာမှ(၁)ဦး ၊သဲတော(၁)ရပ်ကွက်မှ(၁)ဦး၊ လေသာကုန်း ကျေးရွာမှ(၁) ဦး၊သဲတောလေးကျေးရွာမှ(၄)ဦး၊ ဝမ်းတွင်း(၂)ရပ်ကွက်မှ(၁)ဦး၊ စွန်ချောင်းကျေး ရွာမှ(၁) ဦး၊ ကြပ်ကန် ကျေးရွာ(၁)ဦး၊ဝမ်းတွင်း(၃)မှ(၁)ဦး၊ သဲတော(၂)မှ(၁)ဦး၊ တဲစုကျေးရွာမှ (၁)ဦး၊ ဆူပန်းကျေး ရွာမှ (၁)ဦး၊ဘုရားစုကျေးရွာမှ(၁)ဦး၊ ဖလန်ကျင်းကျေးရွာမှ(၂)ဦး၊ ဝမ်းတွင်း(၁) ရပ်ကွက်မှ(၂)ဦး၊ရွာရှည် ကျေးရွာမှ(၃)ဦးစုစုပေါင်း(၂၇)ဦးတို့ဖြစ်ပြီး ၎င်းပိုးတွေ့လူနာများ အား မြို့နယ် ကိုဗစ်-၁၉ ကုသဆောင် များတွင်တက်ရောက်ကုသလျက်ရှိပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေမှုရှိခဲ့သူများကို စုံစမ်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း ဝမ်းတွင်းမြို့နယ်အနေဖြင့် ပြည်သူ့ဆေးရုံကုသဆောင်တွင်ကျား(၄၅)၊ မ(၄၂)၊ ပေါင်း(၈၇)ဦး ၊မိုးလုံလေလုံအားကစားရုံ ကိုဗစ်-၁၉ ကုဆောင်တွင်ကျား(၁၃)၊မ(၁၇)ပေါင်း(၃၀)ဦး၊ မြတ်ညီနောင် ရိပ်သာကုသဆောင်တွင် ကျား(၂၂)၊ မ(၈)ပေါင်း(၃၀)ဦ၊ ညောင်အုပ်ဖီးတိုက်နယ်ဆေး ရုံကုသဆောင်တွင် ကျား(၄)၊ မ(၆)၊ပေါင်း(၁၀)ဦး၊ နေပူကုန်းတိုက်နယ်ဆေးရုံ ကုသဆောင်တွင်ကျား (၅)၊မ(၅)ပေါင်း(၁၀)ဦး၊ အ.ထ.က (ဝမ်းတွင်း) ကုသဆောင်တွင်ကျား(၇၀)ဦး၊ မ(၁၄၇)ဦး၊ပေါင်း(၂၁၇)ဦးတိုမှာ ဆေးကုသမှုများခံ ယူလျက်ရှိပြီး ဝမ်းတွင်း မြို့နယ် အတွင်း ကိုဗစ်၁၉ရောဂါပိုး တွေ့ရှိ၍ဆေးကုသမှုခံယူနေသူ ကျား(၁၅၉)ဦး၊ မ(၂၂၅)ဦး၊ စုစုပေါင်း(၃၈၄)ဦး ရှိကြောင်းနှင့် ဆေးကုသမှုခံယူနေသူအမျိုး သမီးတစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ရဲမျိုး(ဝမ်းတွင်း)