ဆီဆိုင် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာသစ်(၄)ဦး ထပ်မံတွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့အတည်ပြု လူနာများအနက် ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၈၀)ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် ဇူလိုင်လ(၈)ရက်နေ့မှ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၅၂၅)ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ (၁၈၀)ဦး၊ သေဆုံးသူ (၁၂)ဦးရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်
မျိုးမြတ်(ဆီဆိုင်)